ငွေပေးချေမှုနှင့်သက်ဆိုင်သော အမေးအဖြေများ
Questions and answers related to Payments

SCAM ALERT ❗❗❗❗

MBT Customer များသို့ အသိပေးအကြောင်းကြားခြင်း

========================================

 

လတ်တလောတွင် MBT Customer များထံသို့ MBT ဝန်ထမ်းအယောင်ဆောင်၍ ငွေလိမ်လည်ကောက်ခံမှုများရှိနေပါသည်။ 09774840955 (Kpay တွင် Sai Nyi Nyi Min Swe ဟုအမည်ပေါက်သော) ဖုန်းနံပါတ်ဖြင့်ဆက်သွယ်၍ Customer များထံမှ ဘေလ်များ လိမ်လည်ကောက်ခံလျှက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။

 

သို့ဖြစ်ပါ၍ MBT Customer များအနေဖြင့် MBT ဝန်ထမ်းများအပါအဝင် မည်သူတစ်ဦးတစ်ယောက်၏ Personal Account ထဲသို့မှ ငွေလွှဲ၍ ဘေလ်ပေးဆောင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် လေးစားစွာဖြင့် ထပ်မံအသိပေးလိုက်ရပါသည်။

 

တစ်စုံတစ်ဦး၏ (MBT ဝန်ထမ်းများအပါအဝင်) Personal Account ထဲသို့ ငွေလွှဲပေးဆောင်၍ အငြင်းပွားမှု တစုံတရာဖြစ်ပေါ်ခဲ့ပါက MBT ကုမ္ပဏီမှ တာဝန်ယူဖြေရှင်းပေးနိုင်မည် မဟုတ်ပါကြောင်း ဝမ်းနည်းစွာ အသိပေးအပ်ပါသည်။

 

MBT အင်တာနက်ဘေလ်ပေးဆောင်ရန် နည်းလမ်းများ -

 

📌နည်းလမ်း (၁) MBT Application ကို အသုံးပြု၍ KBZ Pay, AYA Pay, CB Pay, Wave Pay တို့မှ တဆင့်ပေးဆောင်ခြင်း။

 

📌နည်းလမ်း (၂) ရုံးခွဲများသို့ လူကိုယ်တိုင် သွားရောက်၍ဘေလ်ပေးဆောင်ခြင်း။

 

📌နည်းလမ်း (၃) KBZ Pay, AYA Pay, CB Pay, Wave Pay များမှ Myanmar Broadband Telecom ကုမ္ပဏီအကောင့်ထဲသို့ တိုက်ရိုက်ပေးဆောင်ခြင်း။

 

လေးစားစွာဖြင့်

 

Myanmar Broadband Telecom Co., Ltd