Plan

 

 

Please enable JavaScript in your browser to complete this form.
Name
Plan
Address

Teams and Condition

Myanmar Broadband Telecom Co.,Ltd

(၁) ကြိုတင်အသိပေးလွှာ

MBT service အားစတင်သုံးစွဲသူများအနေဖြင့် စက်တပ်ဆင်ပြီးမှသာ မိမိဝယ်ယူမည့်Package အလိုက် ဘေလ်ပေးဆောင်ရမည်ဖြစ်သည်။၎င်းကောက်ခံမှုအားလာရောက်တပ်ဆင်ပေးမည့်ဝန်ထမ်းများမှဆောင်ရွက်ပေးမည်ဖြစ်ပြီး မည်သူတဦး တစ်ယောက်ထံသို့ ငွေကြိုလွှဲရန်မလိုအပ်ပါ။

(၂)ဝန်ဆောင်မှုရပ်ဆိုင်းခြင်း
သုံးစွဲသူများအနေဖြင့် စတင်သုံးစွဲသည့်အချိန်မှစ၍ စာချုပ်သက်တမ်း(အသုံးပြုကာလ) ၆လပြည့်အထိ အသုံးပြုပေးရမည် ဖြစ်ပါသည်။ စာချုပ်သက်တမ်း(အသုံးပြုကာလ)၆လမပြည့်မှီ ဝန်ဆောင်မှုရပ်ဆိုင်းလိုပါက သက်တမ်း​ပြည့်မှီစွာ အသုံးမပြုခြင်းအတွက် လိုင်းပယ်ဖျက်ကြေး ၅၀၀၀၀ကျပ် ပေးဆောင်ရပါမည်။

(၃)လိုင်းခေတ္တရပ်နားခြင်း
ပေးဆောင်ထားသည့်ဘေလ်သက်တမ်းကုန်ဆုံးသောအခါ သုံးစွဲသူမှ အကြောင်းတစုံတရာကြောင့်လိုင်းရပ်နားလိုပါက လိုင်းရပ်နားကြေး ၁လလျှင် ၅၀၀၀ကျပ်ပေးဆောင်၍ ရပ်နားနိုင်သည်။သက်တမ်းကျန်ရှိနေသော သုံးစွဲသူများမှာ လိုင်းရပ်နား၍မရနိုင်ပါ။သုံးစွဲသူများပြန်လည်အသုံးပြုလိုသည့်အခါ လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ရန် ထိန်းသိမ်းထားမည်ဖြစ်သည့်အတွက်ကောက်ခံရခြင်းဖြစ်ပါသည်။

(၄)နေရာရွေ့ပြောင်းခြင်း
သုံးစွဲသူမှ အိမ်အပြောင်းအရွေ့ပြုလုပ်၍ တပ်ဆင်အသုံးပြုလိုပါက လစဥ်ကြေး၃လစာသက်တမ်းတိုး ပေးဆောင်ခြင်းဖြင့် အပြောင်းအရွေ့ ပြုလုပ်နိုင်ပါသည်။ (သို့မဟုတ်) တပ်ဆင်ကြေး ၅၀၀၀၀ကျပ်ပေးသွင်း၍လည်း ပြောင်းရွေ့နိုင်ပါသည်။

(၅)တပ်ဆင်ရေးစက်ပစ္စည်းများ
လိုင်းအသုံးပြုမှုအတွက် တပ်ဆင်ထားသော စက်ပစ္စည်းများသည် MBT မှ သုံးစွဲသူများထံသို့ အခမဲ့ ငှားရမ်း အသုံးပြုထားသည့်အတွက် ဝန်ဆောင်မှုရပ်ဆိုင်းပါက ၎င်းစက်ပစ္စည်းများအား ပြန်လည်သိမ်းဆည်းမည် ဖြစ်ပါသည်။သို့ဖြစ်ပါ၍ သုံးစွဲနေစဥ်ကာလအတွင်း စက်ပစ္စည်းများ ပျက်စီးခြင်း/ပျောက်ဆုံးခြင်းများ တစုံတရာရှိပါက ကာလတန်ဖိုးဖြစ်သော ($23) အား သုံးစွဲသူဘက်မှ ပေးလျော်ရမည်ဖြစ်ပါသည်။

(၆)ရက်အစားထိုးပေးဆောင်ခြင်းနှင့်ပြန်အမ်းငွေ
ကုမ္ပဏီ၏ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုကြန့်ကြာပြီး လိုင်းပြတ်တောက်မှု(၃)ရက်အထက်ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူထံရက်အစားထိုးပြန်လည်ပေးအပ်မည်ဖြစ်သည်။ဝန်ဆောင်မှုအတွက်ပေးဆောင်ထားသော လစဥ်ကြေးများအား မည့်သည့်အကြောင်းတစုံတရာကြောင့်မှပြန်အမ်းပေးမည်မဟုတ်ပါ

(၇)သတင်းကောင်းပါးအပ်ခြင်း
ကျွန်ုပ်တို့၏ဝန်ဆောင်မှုဖြင့်သာ တွဲဖက်အသုံးပြု၍ရသော TV Box (IPTV) အားဝယ်ယူသုံးစွဲ၍ ရုပ်သံလိုင်းပေါင်းများစွာအား ကြည့်ရှု့ခံစားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်းနှင့် အင်တာနက်ကွန်ရက်ပိုမိုဖြန့်ကျက်စွာအသုံးပြုနိုင်ရန် AC-10 Router များလဲ ဝယ်ယူတပ်ဆင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါအပ်ပါသည်။

Branches ( Yangon )

Branches ( Other Regions )