Plan

 

 

Please enable JavaScript in your browser to complete this form.
Name
Plan
Address

Myanmar Broadband Telecom Co.,Ltd

ကွန်ယက်ဝန်ဆောင်မှု စည်းကမ်းသတ်မှတ်ချက်များ

(၁) သဘောတူညီချက်

MBT ၏ ကွန်ယက်ဝန်ဆောင်မှုအား ဝယ်ယူအသုံးပြုသူသည် ဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် အောက်ပါစည်းကမ်းချက်များကို လိုက်နာပါမည်ဟုမှတ်ယူပါသည်။

(၂) အချိန်ကာလ

ဖောင်ထဲတွင်ဝန်ဆောင်မှုရယူခြင်းကာလအား သီးခြားဖော်ပြထားခြင်းမရှိလျှင် ကနဦးစာချုပ်ကာလအား (၆ လ) အဖြစ်သတ်မှတ်သည်။ စာချုပ်သက်တမ်း (အသုံးပြုကာလ) ၆ လမပြည့်မီ ဝန်ဆောင်မှုရပ်ဆိုင်းလိုပါက သက်တမ်းပြည့်မီစွာ အသုံးမပြုခြင်းအတွက် လိုင်းပယ်ဖျက်ကြေး ၅၀၀၀၀ ကျပ် ပေးဆောင်ရပါမည်။

(၃) စက်ပစ္စည်းများ

ဝန်ဆောင်မှုရယူသုံးစွဲသူများအား အခမဲ့တပ်ဆင်ပေးထားသော ONU အပါအဝင် စက်ပစ္စည်းများအားလုံးသည် Myanmar Broadband Telecom ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများသာဖြစ်သည်။ လိုင်းအသုံးမပြုတော့သည့်အချိန်တွင် စက်များကို ပြန်လည်သိမ်းယူမည်ဖြစ်ပြီး မိမိ၏ပေါ့ဆမှုကြောင့် ပျက်စီးခြင်း (သို့) စက်ပစ္စည်းကောင်းမွန်စွာအလုပ်မလုပ်ခြင်းရှိပါက သတ်မှတ်ထားသော ကာလတန်ဖိုးဖြစ်သော ၈၀၀၀၀ ကျပ်အား ပေးလျော်ရမည်ဖြစ်သည်။

(၄) ငွေပေးချေခြင်း

MBT service အား စတင်သုံးစွဲသူများအနေဖြင့် စက်တပ်ဆင်ပြီးမှသာ မိမိဝယ်ယူမည့် Package အလိုက် ဘေလ်ပေးဆောင်ရမည်ဖြစ်သည်။ ၎င်းကောက်ခံမှုအား လာရောက်တပ်ဆင်ပေးမည့်ဝန်ထမ်းများမှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ထံသို့ ငွေကြိုလွှဲရန်မလိုအပ်ပါ။ [ ဘေလ်ပေးဆောင်ရန်နည်းလမ်းများ - MBT APP, (Banking - YOMA, KBZ, AYA), (Pay - Wave, KBZ, CB, AYA) ] စသည့် Channel များအား အသုံးပြု၍လည်း MBT Company ၏ တရားဝင် Account သို့ဘေလ်ပေးဆောင်နိုင်ပါသည်။ ငွေပေးချေထားသောကာလကုန်ဆုံးတော့မည်ဆိုပါက အနည်းဆုံး(တစ်ပတ်)ကြိုတင်၍ အသိပေးအကြောင်းကြားစာပေးပို့ပေးမည်ဖြစ်သည်။ ငွေပေးချေထားသောကာလကျော်လွန်သွားပြီး ငွေပေးချေခြင်းမပြုပါကဝန်ဆောင်မှု အလိုအလျောက် ရပ်တန့်သွားမည်ဖြစ်ပြီး ဝန်ဆောင်ခပြန်လည်ပေးသွင်းမှသာ လိုင်းပြန်လည်အသုံးပြု၍ရနိုင်မည်ဖြစ်သည်။ လိုင်းပြတ်တောက်သွား၍ လစဥ်ကြေးပြန်လည်ပေးသွင်းပြီး လိုင်းပြန်လည်ဖွင့်ရန်အတွက် ကြာမြင့်ချိန်သည် အလွန်ဆုံး (၂၄) နာရီ ကြာမြင့်နိုင်သည်။ (သို့မဟုတ်) အသုံးပြုသူဘက်မှလိုင်းအား ချက်ချင်းပြန်လည်ရယူလိုလျှင် MBT APP မှတစ်ဆင့် ဘေလ်ပေးသွင်းနိုင်ပါသည်။ လိုင်းပြတ်တောက်ခြင်းများပေါ်ပေါက်ခြင်းမရှိစေရန် လစဥ်ကြေး ကြိုတင်ပေးသွင်းခြင်းဖြင့် ရှောင်ရှားနိုင်ပါသည်။ ဝန်ဆောင်မှုအတွက် ပေးသွင်းပြီးသွားသော လစဥ်ကြေးများအား မည်သည့်အကြောင်းတစ်စုံတစ်ရာကြောင့်မှ ပြန်လည်အမ်းပေးမည်မဟုတ်ပါ။

(၅) ငွေပိုလွှဲခြင်း

ဝန်ဆောင်မှုသုံးစွဲသူများသည် MBT Application အားအသုံးပြု၍ တိကျမှန်ကန်စွာ ဘေလ်ပေးသွင်းနိုင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ဝန်ဆောင်မှုသုံးစွဲသူများသည် Digital Channel များမှ ကုမ္ပဏီအကောင့်ထဲသို့ ငွေပမာဏများ မှားယွင်းစွာပိုလွှဲမိပါက ဝန်‌ဆာင်ခ (၃) လစာအား ကြိုတင်ဖြတ်တောက်၍ သုံးစွဲသူများထံ ကျန်ငွေအား ပြန်လည်လွှဲပေးမည်ဖြစ်သည်။ ငွေပြန်အမ်းခြင်းလုပ်ငန်းစဥ်ကြာချိန်မှာ အနည်းဆုံးနှစ်ပတ်မှ အများဆုံးတစ်လခန့်ဖြစ်သည်။

(၆) လိုင်းခေတ္တရပ်နားခြင်း

စာချုပ်ကာလ ၆ လမပြည့်သေးသော သုံးစွဲသူများအား လိုင်းရပ်နားခြင်း (line pause) ပြုလုပ်ခွင့်မပြုပါ။ စာချုပ်ကာလကျော်လွန်ပြီးနောက် ပေးဆောင်ထားသည့် ဘေလ်သက်တမ်းကုန်ဆုံးသောအခါ ဝန်ဆောင်မှုသုံးစွဲသူမှ အကြောင်းတစုံတရာကြောင့် လိုင်းရပ်နားလိုပါက လိုင်းရပ်နားကြေး ၁ လလျှင် ၅၀၀၀ ကျပ်ပေးဆောင်၍ ရပ်နားနိုင်သည်။ သက်တမ်းကျန်ရှိနေသော ဝန်ဆောင်မှုသုံးစွဲသူများမှာ လိုင်းရပ်နား၍မရနိုင်ပါ။ ဝန်ဆောင်မှုသုံးစွဲသူများ ပြန်လည်အသုံးပြုလိုသည့်အခါ လွယ်ကူလျင်မြန်စွာအသုံးပြုနိုင်ရန် ထိန်းသိမ်းထားမည်ဖြစ်သည့်အတွက် ကောက်ခံရခြင်းဖြစ်ပါသည်။

(၇) နေရာရွေ့ပြောင်းခြင်း

ဝန်ဆောင်မှုသုံးစွဲသူမှ MBT Service ပေးနိုင်သည့်နေရာများအတွင်း အိမ်အပြောင်းအရွေ့ပြုလုပ်၍ တပ်ဆင်အသုံးပြုလိုပါက လစဥ်ကြေး ၃ လစာ သက်တမ်းတိုး ပေးဆောင်ခြင်းဖြင့် အပြောင်းအရွေ့ပြုလုပ်နိုင်ပါသည်။ (သို့မဟုတ်) တပ်ဆင်ကြေး ၅၀၀၀၀ ကျပ် ပေးသွင်း၍လည်း ပြောင်းရွေ့နိုင်ပါသည်။ စာချုပ်ကာလ ၆ လ မပြည့်မှီသေးခင် MBT Service မရသောနေရာများသို့ ရွေ့ပြောင်းလျှင် သတ်မှတ်ထားသော တပ်ဆင်ကြေး ၅၀၀၀၀ ကျပ်အား ပြန်လည်ပေးလျော်ရပါမည်။

(၈) အခွန်

MBT မှပေးသော ဝန်ဆောင်မှုများနှင့်စပ်လျဥ်း၍ ဝန်ဆောင်မှုရယူသုံးစွဲသူသည် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသော စားသုံးသူနှင့်သက်ဆိုင်သည့် အခွန်အခများအားလုံးကို ပေးဆောင်ရန်တာဝန်ရှိပါသည်။

(၉) တာဝန်ဝတ္တရားများ ပျက်ကွက်ခြင်း၊ လိုင်းရပ်စဲခြင်း

MBT သည် ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းနှင့်ဆိုင်သော တာဝန်များကိုကောင်းမွန်စွာ မဖြည့်ဆည်းပေးနိုင်သောကြောင့် လိုင်းပြတ်တောက်မှု (၄၈) နာရီအထက် ဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူထံကျော်လွန်သည့်ရက်များအား အစားထိုးပြန်လည်ပေးအပ်မည်ဖြစ်သည်။ သုံးစွဲသူမှ ဝန်ဆောင်မှုအတွက် ငွေပေးချေရန် ပျက်ကွက်လျင် MBTသည် လိုင်းအားယာယီရပ်ဆိုင်းခြင်းအား ဆောင်ရွက်နိုင်သည်။

(၁၀) မခန့်မှန်းမိနိုင်သော အခြေအနေများ

ကြိုတင်မသိရှိနိုင်သော၊ ခန့်မှန်းရန်ခက်ခဲသော အခြေအနေများ (ဥပမာ - သဘာဝဘေးအန္တရာယ်များကျရောက်ခြင်း၊ စစ်မက်များဖြစ်ပွားခြင်း၊ အထိကရုန်းကိစ္စများပေါ်ပေါက်ခြင်း) နှင့် မြို့တော်စည်ပင်သာယာရေးအတွက် ပြုလုပ်သော အစိုးရ၏လုပ်ငန်းဆောင်ရွက်မှုများ (သစ်ပင်ခုတ်ခြင်း၊ ဓာတ်တိုင်ရှိ ကြိုးများရှင်းလင်းခြင်း၊ လမ်းတံတားပြုပြင် တည်ဆောက်ခြင်း၊ Underground လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရေမြောင်းများချဲ့ထွင်ခြင်း) အစရှိသော လုပ်ငန်းများကြောင့် ဝန်ဆောင်မှုပျက်ကွက်မှုများရှိပါက နားလည်စောင့်ဆိုင်းပေးရန်နှင့် MBT သည် ဝန်ဆောင်မှုများပြန်လည်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်သည်။ ၎င်းအခြေအနေများအတွက် MBT မှ သုံးစွဲသူထံ ရက်အစားထိုးပြန်လည်ပေးအပ်မည်မဟုတ်ပါ။

(၁၁) ငြင်းဆိုပိုင်ခွင့်

ဝန်ဆောင်မှုအား လွဲမှားစွာအသုံးပြုခြင်းများ (သို့မဟုတ်) အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသော အကျိုးဆက်များအဖြစ် ကိုယ်ရေးဒေတာအချက်အလက်များပျောက်ဆုံးမှု၊ ငွေကြေးဆုံးရှုံးနစ်နာမှုများ၊ လိုင်းပြတ်တောက်မှု အစရှိသည်ဖြင့် ပေါ်ပေါက်ပါက MBT တွင် တာဝန်မရှိပါ။ ဝန်ဆောင်မှုရယူသူသာ အဆိုပါအကျိုးဆက်များအတွက် တာဝန်ရှိသည်။

(၁၂) ပြန်လည်ဖြန့်ဝေခြင်းမပြု

ဝန်ဆောင်မှုသုံးစွဲသူသည် MBT ကုမ္ပဏီသို့ ကြိုတင်ရေးသားတောင်းခံထားသော ခွင့်ပြုချက်မရှိဘဲ အခြားသောသူများ အဖွဲ့အစည်းများသို့ အင်တာနက်ဝန်ဆောင်မှုကို ပြန်လည်ရောင်းချခြင်း (သို့မဟုတ်) ပြန်လည်ဖြန့်ဝေခြင်းမပြုရပါ။ ဤစည်းကမ်းချက်ကို ဖောက်ဖျက်ခြင်းအားသိရှိပါက MBT သည် ဝန်ဆောင်မှုကို ချက်ချင်းရပ်တန့်နိုင်သည်။ ဟိုတယ်များ၊ အပန်းဖြေစခန်းများ၊ စားသောက်ဆိုင်များ၊ အစရှိသည့် အများပြည်သူအသုံးပြုသည့်နေရာများတွင် ဧည့်သည်များအသုံးပြုရန်အတွက် ယာယီအသုံးပြုမှုများကို ခွင့်ပြုပေးနိုင်သည်။

(၁၃) အရေးပေါ်ကိစ္စရပ်များအတွက်ဆွေးနွေးခြင်း

ဝန်ဆောင်မှုနှင့်သက်ဆိုင်သော အငြင်းပွားဖွယ်ရာကိစ္စရပ်များ ပေါ်ပေါက်လာလျှင် ကုမ္ပဏီ၏မှတ်ပုံတင်ထားသည့် ရုံးချုပ်တည်ရှိရာနေရာသည်သာ ပူးပေါင်းဆွေးနွေးဖွယ်နေရာဖြစ်သည်ကို ဝန်ဆောင်မှုသုံးစွဲသူသည် သဘောတူပါသည်။

(၁၄) စည်းမျဥ်းစည်းကမ်းများပြောင်းလဲခြင်း

နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းလမ်းညွှန်ချက်များသည် အခါအားလျော်စွာ ပြောင်းလဲမှုရှိနိုင်ပါသည်။ အဆိုပါပြောင်းလဲချက်များနှင့်အညီ လိုအပ်သော ကုမ္ပဏီတွင်းသတ်မှတ်ချက်များ ပြန်လည်ပြင် ဆင်ခြင်း (သို့မဟုတ်) လုပ်ငန်းဆောင်ရွက်ချက်အချို့ကို MBT ကုမ္ပဏီအနေဖြင့် ပြုပြင်ပြောင်းလဲပိုင်ခွင့်ရှိပြီး ထိုပြောင်းလဲမှုများသည် ဤသဘောတူညီချက်စာချုပ်အပေါ် အထိုက်အလျောက် သက်ရောက်မှုရှိနိုင်ပါသည်။

MBT ၏ အင်တာနက်ဝန်ဆောင်မှုကို အသုံးပြုခြင်းအတွက် လှိုက်လှဲစွာကျေးဇူးတင်ပါသည်။

MBT FTTH Network Service Terms and Conditions

1. Agreement

By purchasing and using MBT’s network service, the customer agrees to comply with the following terms and conditions.

2. Contract Period

Unless the service period is specifically stated in the order form, the initial contract period shall be (6) months. If the service is terminated before completing (6) months, the customer shall pay an early termination fee of MMK 50,000.

3. Equipment

All equipment, including the ONU, provided are free of charge but remain the property of Myanmar Broadband Telecom Company. When the service is no longer in use, the equipment must be returned. If the equipment is damaged due to the customer’s negligence or is not functioning properly, the customer shall pay a compensation fee of MMK 80,000.

4. Payment

Customers shall pay for the chosen package only after the device is installed. Payment will be collected by MBT installation staff, and there is no need to transfer money to any individual. Payment can be made via MBT APP, Banking (YOMA, KBZ, AYA), or Digital Wallet Pay (Wave, KBZ, CB, AYA) into MBT’s official account. Customers will be notified at least one (1) week before the payment period ends. If payment is overdue, service will be automatically suspended. The service can be reactivated only after the payment is made. Reactivation may take up to (24) hours. Customers may also pay via MBT APP for immediate reactivation. Paying the monthly fee in advance is recommended to avoid service interruptions. Monthly fees already paid are non-refundable.

5. Overpayment

Customers can accurately pay bills using the MBT Application. If an overpayment occurs due to any reason via digital channels, MBT will deduction (3) months’ service fees in advance and refund the remaining balance. Refund processing may take a minimum of (2) weeks and maximum of up to (1) month.

6. Line Pause

Customers who have not completed the initial (6) month contract period are not allowed to pause the service. After the contract period, a customer may pause the service by paying a service pause fee of MMK 5,000 per month. Customers with remaining service periods shall not pause the service. This fee is collected as a maintenance charge to ensure that the facilities remain readily available and can be accessed quickly whenever users need them again.

7. Relocation

Customers may relocate their service within MBT serviceable areas by either paying a (3) months extension of the monthly fee or an installation fee of MMK 50,000. If a customer relocates to an area without service coverage before completing the six-month contract, the installation fee of MMK 50,000 will be charged as a penalty.

8. Taxes

Customers are responsible for paying all applicable taxes and fees as required by the government in relation to MBT services.

9. Failure of Obligations / Service Suspension

If MBT fails to properly perform its obligations for service and maintenance, and service is interrupted for more than (48) hours, compensation will be provided for the time beyond the 48-hour period. MBT may temporarily suspend service if payment is not made.

10. Unforeseen Circumstances

MBT is not responsible for service disruptions caused by unforeseen events that are difficult to predict (e.g., natural disasters, wars, riot) or government activities for city development such as tree cutting, clearing electricity poles, road/bridge repairs, underground works, draining system expansion and so on. MBT will make reasonable efforts to restore service but will not provide compensatory or extra service days for the period affected.

11. Limitation of Liability

MBT is not responsible for any consequences arising from misuse or improper use of the service, including loss of personal data, financial losses, or service interruptions. The customer is solely responsible for such consequences.

12. No Redistribution

Customers may not resell or redistribute MBT internet services to others without prior written permission from MBT. Violation may result in immediate termination of service. Temporary usage may be permitted for public venues such as hotels, resorts, and restaurants.

13. Dispute Resolution

Any disputes related to the service shall be resolved at MBT’s registered head office.

14. Changes in Regulations

Government policies, procedures, and guidelines may change from time to time. MBT reserves the right to revise internal rules or modify certain business practices in accordance with such changes, which shall automatically apply to this agreement.

Thank you for using MBT internet services.

 

Branches ( Yangon )

Branches ( Other Regions )